Saturday, June 7, 2008

မြန်မာ ပြည်တွင်းတွင် ပထမ အကြိမ် လှူဒါန်းမှု ခရီးစဉ် နှင့် ရွာများဧ။် လက်ရှိ အခြေအနေမှတ်တမ်း

ရန်ကုန်မြို့ကို ဆိုက်ရောက်လာသော တန် ၄၀၊ ဆယ့်နှစ်ဘီး ကားကြီးသည် ဧရာဝတီ တိုင်းကို သွားဖို့ရန်မှာ တံတားများရဲ့ ၀န်တင်မှု ကန့်သတ် ချက်ကြောင့် ထို တံတားများကို မဖြတ်သန်းနိုင်တာကြောင့် ကားပေါ်က အလှူ ပစ္စည်း များကို ၁၄ပေရှည် Canter ကား ၂စီးနဲ့ ဆံ့အောင် ကျစ်လျစ်စွာ ထုပ်ပိုး တင်ဆောင်ပြီး ဇွန်လ ၂ရက် ၂၀၀၈၊ မနက် ၆နာရီ မှာ ရန်ကုန်မြို့မှ စတင် ထွက်ခွာ ခဲ့သည်။

ဘိုကလေးမြို့က ကျော်ဇံ ထေရ၀ါဒ စာသင်တိုက်ကို ရောက်ရောက်ချင်းပဲ ပစ္စည်းတွေကို ငှားထားတဲ့ စက်လှေပေါ် ချက်ချင်း တင်ပြီး လှူဒါန်းသူ အဖွဲ့အစည်းများ မရောက် သေးတဲ့ ရွာသုံးရွာထံကို လှူဖို့ သွားခဲ့ကြသည်။ ဇွန်လ ၃ရက်နေ့ မှာတော့ ရွာတွေ များများကို ရောက်နိုင်ဖို့ စေတနာ့ ၀န်ထမ်း အဖွဲ့ဟာ မနက်လေးနာရီ ကတည်းက ထပြီး ပြင်ဆင် ကြပါသည်။ အလှူပစ္စည်း အရေအတွက် သိပ်များတဲ့ အတွက် ပြင်ဆင်ရတာ သိပ်များ သောကြောင့် မနက် ၇ နာရီလောက်မှ စက်လှေ ထွက်နိုင်ခဲ့သည်။ လမ်းတစ်လျှောက်မှာ မိုး ရွာလွန်းသည့် အတွက် စေတနာ့ ၀န်ထမ်း များလဲ မိုးမိပြီး ရွှဲရွှဲစို နေပေမယ့် အားကြိုးမာန်တက် လှူဒါန်း ပေးခဲ့ကြ ပါသည်။





ရွာကြီးများတွင် စက်လှေရပ်ပြီး သေချာ လှူဒါန်း ဆေးကု ပေးရင်းနဲ့ လိုအပ်တဲ့ data များကိုလည်း သေချာ စနစ်တကျ ကောက်ပြီး လိုအပ်မည့် ပစ္စည်း စာရင်း၊ လိုအပ်မည့် နေရာ ရပ်ရွာ တို့ကို စေ့စပ်စွာ စာရင်း ပြုစု ထားတဲ့ အတိုင်း သွားရောက် လှူဒါန်း ခဲ့ကြ ပါသည်။ အချိန် မလောက်မှာ စိုးရိမ် ရတဲ့ အတွက် စက်လှေ သွားရာ လမ်း တလျှောက်က ရွာသိမ် ရွာငယ် လေး များတွင် အစား အစာနဲ့ ဆေးဝါး ပစ္စည်းများကို စက်လှေ ပေါ်ကနေ ချပေးရုံပဲ ပေးခဲ့ နိုင်ပါသည်။ စေတနာ့ ၀န်ထမ်း အုပ်စု သွားခဲ့သည့် ရွာများတွင် ကောက်ခံ ခဲ့သော အချက်အလက်များကို စုစည်းပြီး မုန်တိုင်းဒဏ်ခံ ရွာသူ ရွာသား တို့ရဲ့ လက်ရှိ အခြေ အနေနဲ့ လိုအပ်ချက် တို့ကို အလှူရှင် များနဲ့ စာရှုသူတို့ အားလုံး သိရှိ နားလည် နိုင်စေရန် ခုလို ကဏ္ဍ ခွဲပြီး တင်ပြ အပ်ပါသည်။



လက်ရှိနေထိုင်စား သောက်မှု
လက်ရှအခြေအနေမှာ မုန်တိုင်းဒဏ်ခံ ဒုက္ခသည် များသည် ပုဂ္ဂလိက အလှူရှင်များ၏ စေတနာကို မှီခို အားထား ပြီး နေထိုင် နေကြရ ပါသည်။ ရွာအချို့တွင် (အလောင်းများ ဒီရေနဲ့ အတူ စုန်ချည် ဆန်ချည် စီးမျော နေသော မြစ် ချောင်းနဲ့ ရိုးတလျှောက်တွင်) ငါးဖမ်း သော အလုပ်ကို လုပ်ကိုင် စားသောက် ကြရသော်လည်း တစ်ချို့ရွာများတွင် (ဆားငံရေ ၀င်ကုန်သည့်အတွက် ရှိသမျှ လယ်ယာ များကို စိုက်ပျိုး ရန်မှာ မဖြစ်နိုင်တော့သည့် အခြေအနေတွင်) ဘာမှ လုပ်ကိုင် စရာ မရှိတော့ သောကြောင့် ထောက်ပံ့ရေး များကိုသာ မျှော်လင့် နေကြရပါ သည်။ နေထိုင်စရာ အနေနဲ့ အောက်ဖော်ပြပါ ပုံများ အတိုင်း တဲလေးများ ထိုးပြီး နေကြသလို၊ UNICEF, WFP အစ ရှိသော အဖွဲ့အစည်း များနဲ့ ပုဂ္ဂလိက အလှူရှင် များက ပေးတဲ့ တာလာပတ် များကို အမိုးအကာ လုပ်ပြီး နေထိုင် ကြတာ တွေ့ရပါ သည်။ မုန်တိုင်း အပြီး ရွာ များတွင် ကံကောင်း ထောက်မစွာ အပျက်အစီး နည်းပါးစွာ ကျန်ခဲ့ သော အိမ်မျိုးမှာ စုဝေး နေထိုင် ကြသလို (အက်ဆစ် မိုးကြောင့် အုန်းတော၊ ဓနိတောများ လောင်ကျွမ်း ကုန် သော်လည်း ရှိစုမဲ့စု ) ကောင်းမွန်စွာ ကျန်ရှိ နေသော ဓနိပင် များကို အမိုးအကာ ပြုလုပ်ပြီး နေထိုင်ကြရပါသည်။



ရေရရှိမှု အခြေအနေ
ရွာများတွင် ရှေးယခင် မုန်တိုင်း မတိုက် မီက သောက်ရေကန်များ ရှိသော်လည်း မုန်တိုင်း ပြီးသော အချိန်မှ စပြီး ပင်လယ်ရေ လွှမ်းမိုးမှုကြောင့် အဆိုပါ သောက်ရေကန်များ အကုန် ပျက်စီးကာ အသုံးပြုလို့ မရတော့ သော အခြေအနေသို့ ဆိုက်ရောက်ခဲ့ရ ပါသည်။ အချို့ ရွာများတွင် သောက်ရေကန် များကို ပြန်လည် ပြုပြင်ပြီး Water Guard ရေသန့်ဆေး များ ထည့်ထားကြ သော်လည်း ရေသန့်ဆေးရော သောက်ရေကန် ပမာဏပါ လောက်ငမှု မရှိတာကို တွေ့ရပါသည်။ သောက်ရေ အခက် အခဲကို ရွာတိုင်းမှာ လိုလို ကြုံတွေ့ ရပြီး မိုးရွာ မှသာ (အက်ဆစ်မိုးရေ များလဲ ဖြစ်နိုင်ပါသည်။ သို့သော် အခြား သောက်စရာ ရေမရှိသည့်အတွက် သည် မိုးရေ ကို သာ သောက်ရေ အဖြစ်) ရေသောက် ရတဲ့ အခြေအနေကို ရောက်ရှိ နေပါသည်။ သောက်ရေ ကန်များကို ပြန် လည် သန့်စင် နိုင်သော ရွာအရေ အတွက်မှာ ရှားပါး လှပြီး ရွာတစ်ရွာ တွင်သာ စင်ကာပူရောက် မျိုးချစ် မြန်မာ များက သောက်ရေကန်ကို ပြန်လည် ပြုပြင် ပေးထား သည်ကို တွေ့ရှိ ခဲ့ရ ပါသည်။ မှတ်မှတ်ရရ "ငယ်သူ" အမည်ရှိ ရွာ တွင် ရေကန် တစ်ဝိုက်မှာ လူသေ အလောင်းများ အရိုးများ စုဝေး နေပြီး ကန်ရေ သည် ပုပ်စော် နံလျက် ရှိနေ သည်ကို တွေ့ခဲ့ရ ပါသည်။



ထောက်ပံ့ရေး ရရှိမှု အခြေအနေများ
ဘိုကလေးမြို့ တစ်ဝိုက်တွင် UN, WFP, နယ်စည်း မခြား ဆရာဝန်များ၊ မွန်မြတ် ကရုဏာ ရှင်များ အဖွဲ့က အဓိက ထောက်ပံ့ နေသည်ကို တွေ့ရပြီး ပုဂ္ဂလိက ထောက်ပံ့ရေး အဖွဲ့ များလည်း ရက်ခြားလောက် ရောက်နေ သည်ဟု သိရှိရပါသည် ။ ရွာတစ်ရွာလျှင် အများဆုံး ထောက်ပံ့ရေး အဖွဲ့ (၈) ဖွဲ့ခန့် ရောက်သော်လည်း တစ်ချို့ ရွာ များတွင် တစ်ဖွဲ့ နှစ်ဖွဲ့ ခန့်သာ ရောက်ပြီး ရတဲ့ ပမာဏ ဟာလည်း လောက်ငမှု မရှိဟု သိရှိရပါသည်။ အလှူပစ္စည်းများသာ လုံလောက်စွာ ရရှိခဲ့မည်ဆိုပါလျှင် ယခုလို လူတန်း ကြီးကို ရွာ များမှ အနည်းဆုံး ၃နာရီ ခရီး လာရသော သည်လို ကားလမ်းမ တွေဘေးမှာ သည်မျှလောက် များပြားသော လူတန်းရှည်ကြီးနှင့် လူအုပ်ကြီးတွေကို မြင်ကြရ မည် မဟုတ်ပေ။ အဓိက ရရှိသော ထောက်ပံ့ ပစ္စည်းများမှာ ဆန်၊ တာလပတ်၊ ခေါက်ဆွဲခြောက် စသော အရာများ ဖြစ်ပြီး Red Cross မှလည်း တခါတရံ လာရောက် ဆေးကုသ ပေးသည်ဟု ကြားသိရပါသည်။

ရွာသားများ၏ ကျန်းမာရေး အခြေအနေများ
အဓိက ဖြစ်သော ကျန်းမာရေး ချို့တဲ့မှုများမှာ ချောင်းဆိုးခြင်း၊ ရင်ကျပ်ခြင်း၊ ဒဏ်ရာ အနာ တရ ဖြစ်ခြင်း၊ ပွန်းပဲ့ ထိခိုက်ခြင်း များနဲ့ ဖျားနာခြင်း တို့ ဖြစ်ကြပါသည်။ အဖြစ်အများဆုံးမှာ ချောင်းဆိုးရောဂါ ဖြစ်ပြီး ဖြစ်ပွားရသည့် အကြောင်းရင်းနှစ်ရပ်မှာ မုန်တိုင်းပြီးခါစ စားသောက်စရာမရှိစဉ် ကယ်ဆယ်ရေပစ္စည်းများ မရောက်စဉ်က အုန်းသီးဆံနှင့် အုန်းရည် များကိုသာ အဓိကအစာ အဖြစ် မှီခို စားသောက် ခဲ့ရသောကြောင့် လည်းကောင်း၊ အမိုးအကာ ပြည့်စုံစွာ မရှိဘဲ ဖြစ်သလို မိုးထဲ လေထဲတွင် နေထိုင် ခဲ့ရသည့် အတွက် အအေးမိ ရောဂါ ဖြစ်ပွား သောကြောင့် ဖြစ်ပါသည်။ ရွာများတွင် မိဘမဲ့ ကလေး နည်းပါးခြင်း၊ ကလေးများကို မတွေ့ရဘဲ လူကြီးများသာ တွေ့ရခြင်း တို့အား စုံစမ်း မေးမြန်း ခဲ့ရာ ကလေးများ မုန်တိုင်း နှင့် ဒီရေ အပြိုင် တိုက်ခတ် ချိန်တွင် အားလုံး နီးပါး သေဆုံး ကုန်သောကြောင့် ဖြစ်သည်ဟု သိရှိ ရပါသည်။ နောက်ထပ် အတွေ့ရ များသော ကျန်းမာရေး အခြေအနေမှာ အနာစို အနာပြဲ အကွက်လိုက် ကြီးများ ဖြစ်ပြီး အက်ဆစ်မိုး ကြောင့်လော၊ မုန်တိုင်းဒဏ်ကြောင့် တိမ်းမှောက် ခဲ့သော စစ်သင်္ဘော များမှ ထွက်လာသော ဓာတု ပစ္စည်း များကြောင့်လော၊ လူသေမျောရာက ပုပ်ဟောင် နေသော ရေများနှင့် ထိတွေ့ မိသောကြောင့်လော မသေချာကြောင်း သိရှိ ရပါသည်။




လက်ရှိနှင့် အနာဂတ်အတွက် အလုပ်အကိုင် အခြေအနေ
လက်ရှိ အခြေအနေ အရ တစ်ချို့ရွာများတွင် ဖား၊ ငါးများကို ရှာဖွေ စားသောက် ကြ သော်လည်း သည်လို ဖြေရှင်းနည်းနဲ့ အခြေအနေဟာ လတ်တလော ငတ်မွတ်မှုကို ဖြေရှင်း နိုင်ရုံသာ ရှိပြီး အဓိက ရေရှည်ရပ်တည်ရေးလုပ်ငန်းဖြစ်တဲ့ လယ်ယာ လုပ်ငန်းကို ပြန်လည် လုပ်ကိုင် နိုင်ခြင်း လုံးဝ မရှိ သေးပါ။အဓိက ပြဿနာမှာ ကျွဲ နွား များ သေဆုံးမှုနဲ့ မျိုးစပါးများ ရေစို ပျက်စီး ခြင်းကြောင့် ဖြစ်ပါသည်။

မုန်တိုင်းသင့် ရွာများ၏ ပညာရေး အခြေအနေများ
နအဖ စစ်အစိုးရဟာ မုန်တိုင်းသင့် ဒေသများ အတွက် ကျောင်းဖွင့်ရန် အချိန် တစ်လ တိတိ နောက်ဆုတ် ပေး ထား သော်လည်း စာသင်ကျောင်း အများစုမှာ လေဒဏ်ကြောင့် ပျက်စီး ပြိုလဲ လျက် ရှိပြီး တစ်လ အတွင်း ပြန် လည် ထူတောင်နိုင်ရန် မဖြစ်နိုင်သော အခြေအနေ တွင် တည်ရှိ နေပါသည်။ ကလေး သူငယ်များ သေဆုံးမှု များပြား ခြင်း၊ လက်ရှိ စားဝတ် နေရေးကို ဖြေရှင်း နိုင်ရန် မနိုင်မနင်း လုံးပန်း နေရခြင်းနှင့် ကျောင်းစရိတ် ကြီးမြင့်ခြင်း ပြဿနာ တို့ကြောင့် ကလေးများ ကျောင်းရိပ်သို့ ပြန်လည် ရောက်ရှိ နိုင်ရန် အလှမ်း ကွာဝေး လျက် ရှိနေ ပါသည်။

လက်ရှိ လိုအပ်ချက်များနှင့် အရေးပေါ် လိုအပ်ချက်များ
ရွာတိုင်း လူတိုင်းအတွက် မရှိမဖြစ် အရေးပေါ် လိုအပ်ချက်မှာ ဆန်နှင့် သောက်ရေ ဖြစ်ပါသည်။ နောက်ထပ် လိုအပ်ချက်များမှာ အမိုးအကာ၊ တာရှည်ခံ အစားအသောက် နှင့် ဖိနပ်များ ဖြစ်ပါသည်။ ဖိနပ်စီး ထားသော ဒုက္ခသည် မရှိသလောက် ဖြစ်နေသည်ကို တွေ့ရှိ ရပါသည်။ ထို့ကြောင့် ဒုက္ခသည် များ၏ ခြေထောက်မှာ သံစူးခြင်း၊ သံပြားရှခြင်း၊ ဆူးစူးခြင်းတို့ မကြာခဏ ခံစားရလေ့ ရှိသည့် အတွက် ဖိနပ်ကို မရှိမဖြစ် လိုအပ်သော အရာတစ်ခုအဖြစ် သတ်မှတ် ရပါသည်။ ထို့ကြောင့် အဓိက လိုအပ်ချက် များမှာ
(၁) ဆန်နဲ့ ပြန်လည် ထွန်ယက် စိုက်ပျိုးနိုင်ဖို့ ဆားငံရေ ဒဏ်ခံ မျိုးစပါး
(၂) သောက်ရေ
(၃)အမိုးအကာ
(၄)ဖိနပ်
(၅) တာရှည်ခံ အစားအစာနှင့် ဆီ၊ ဆား၊ ငြုပ်၊ ကြက်သွန်.... စသည်တို့ ဖြစ်ပါသည်။




(ဆက်လက် ဖော်ပြ ပါဦးမည်)

မြန်မာ ပြည်တွင်းတွင် ပထမ အကြိမ် လှူဒါန်း ပြီးစီး ခဲ့မှု အစုစု မှတ်တမ်း

ထိုင်းမြန်မာ လေမုန်တိုင်းဘေး ကူညီရေး ကော်မတီမှ ပေးပို့ လှူဒါန်းသော ပစ္စည်းများကို မုန်တိုင်းဒဏ်ကို အဆိုးဝါးဆုံး ခံစား ခဲ့ကြ ရသော မြို့နယ်များ ထဲမှ ဘိုကလေး မြို့နယ်၊ မြောင်းမြ မြို့နယ်၊ ၀ါးခယ်မ မြို့နယ်နှင့် ကွမ်းခြံကုန်း မြို့နယ်တို့သို့ ဖြန့်ကျက် စီးဆင်း လှူဒါန်း ခဲ့ရာ အသေးစိတ် စာရင်းမှာ အောက်ပါ အတိုင်း ဖြစ်ပါသည်။

ဘိုကလေး မြို့နယ် ထဲမှာ လှူဒါန်း ခဲ့သော ရွာပေါင်း (၁၅) ရွာ
ရောက်ရှိခဲ့သော ကျေးရွာများနှင့် အလှူစာရင်း

ငယ်သူကျေးရွာ
ဆန် - ၈ အိတ်
အ၀တ် - ၁၄ ထုပ်
အစားအသောက် - ၁၆ ထုပ်
ဖျာ - ၅ စည်း

သင်ပေါင်းကျောင်း (ရွှေပြည်အေးရွာ)
ဆန် - ၈ အိတ်
အ၀တ် - ၁၄ ထုပ်+ သင်္ကန်း ၃
အစားအသောက် - ၁၆ ထုပ်
ဖျာ - ၅ စည်း

လပိုင်းကျွန်း (အရှေ့)
ဆန် - ၆ အိတ်
အ၀တ် - ၁၀ ထုပ် အစားအသောက် - ၁၀ ထုပ်
ဖျာ - ၃ စည်း

ဧရာတန်း ခြောက်ကွက် (အရှေ့တန်း)
ဆန် - ၄ အိတ်
အ၀တ် - ၁၄ ထုပ်
အစားအသောက် - ၈ ထုပ်
ဖျာ - ၃ စည်း

ငှက်သိုက်
ဆန် - ၆ အိတ်
အ၀တ် - ၁၆ ထုပ်
အစားအသောက် - ၁၆ ထုပ်
ဖျာ - ၅ စည်း

ငါးကွက်ရွာ
ဆန် - ၆ အိတ်
အ၀တ် - ၂၀ ထုပ်
အစားအသောက် - ၂၀ ထုပ်
ဖျာ - ၇ စည်း

လမုကိုင်း
ဆန် - ၄ အိတ်
အ၀တ် - ၈ ထုပ်
အစားအသောက် - ၈ ထုပ်
ဖျာ - ၃ စည်း

ဇမ္ဗူအေး
ဆန် - ၃ အိတ်
အ၀တ် - ၁၀ ထုပ်
အစားအသောက် - ၁၀ ထုပ်
ဖျာ - ၄ စည်း

ခြောက်ကွက်ရွာ
ဆန် - ၆ အိတ်
အ၀တ် - ၂၀ ထုပ်
အစားအသောက် - ၁၂ ထုပ်
ဖျာ - ၄ စည်း

ရေ၀င်ဥတို
ဆန် - ၃ အိတ်
အ၀တ် - ၆ ထုပ်
အစားအသောက် + ဆပ်ပြာ - ၁၆ ထုပ်
ဖျာ - Nil

ဥတို
အ၀တ် - ၁၄ ထုပ်
အစားအသောက် - ၄ ထုပ် + ဆပ်ပြာ
ဖျာ - Nil

ဖိုးတီကွဲ
ဆန် - ၈ အိတ်
အ၀တ် - ၁၄ ထုပ်
အစားအသောက် - ၁၀ ထုပ်
ဖျာ - ၅ စည်း

ရွာသာယာ
ဆန် - ၄ အိတ်
အ၀တ် - ၁၄ ထုပ်
အစားအသောက် - ၈ ထုပ်
ဖျာ - ၃ စည်း

စာဖြူစု
ဆန် - ၅ အိတ်
အ၀တ် - ၁၄ ထုပ်
အစားအသောက် - ၁၀ ထုပ်
ဖျာ - ၃ စည်း


ဆန် စုစုပေါင်း ၈၁ အိပ်
ကျော်ဇံကျောင်း ၂ အိတ်
တိပိဋက ကျောင်း တွင်ချန် ၅ အိတ်
လမ်းရှိရွာလေးများဝေ ၃ အိတ်

ဝါးခယ်မ- အ၀တ်အစား ၄၀အိတ်
မြောင်းမြ- အ၀တ်အစား ၄၀ အိတ်
ကွမ်းခြံကုန်း- အ၀တ်အစား ၅၀ အိတ်
(သည် မြို့နယ် သုံးမြို့နယ်တွင် လှူဒါန်းမှု စာရင်း အသေးစိတ် မကြာမီ စောင့်မျှော် ဖတ်ရှု နိုင်ပါမည်။)

ကျန်သည့် အလှူပစ္စည်း များကို ဘိုကလေးမြို့ ကျော်ဇံထေရ၀ါဒ စာသင်တိုက်နှင့် ရန်ကုန်မြို့ တိပိဋက ဓရ ကျောင်းများက ဦးစီးပြီး ဆက်လက် ဖြန့်ချီ လှူဒါန်းသွားမည် ဖြစ်ပါကြောင်း…

၂ညအိပ် ၃ရက်ခရီး အတွက် လမ်းစရိတ်နှင့် ကားစရိတ်
TownAce ပစ္စည်းတင် - 135,000
14 feet Canter *2 - 600,000
ဘုန်းဘုန်းကားခ - 1 day ၁ သိန်း * 3 - 300,000
TownAce လူစီး - 1 day ၁ သိန်း * 3 - 300,000
စက်လှေခ + ဆီဖိုး - 96,000
Volunteer ခရီးစားရိတ် အယောက် ၁၅ ယောက် - 64,000
Total 1,495,000
တခြားစားရိတ်
-donation to the monasteries on the way 10000 each
-$100 donated to ကျော်ဇံကျောင်း
ဆေးသေတ္တာ သုံးထုပ် လမ်းခရီးတလျှောက် ကုသပေးခဲ့ပြီး ကျန်ဆေးသေတ္တာ ၂ထုပ်ကို ကျော်ဇံ ထေရ၀ါဒ စာသင်တိုက်တွင် လည်းကောင်း၊ ကျန်ဆေးသေတ္တာ သုံးထုပ်ကို ရန်ကုန်မြို့ တိပိဋက ဓရ ကျောင်းတိုက်တွင် လည်းကောင်း အပ်နှံ လှူဒါန်း ထားခဲ့ပြီး လူနာများကို ဆက်လက် ကုသ လှူဒါန်း ပေးသွားမည် ဖြစ်ပါသည်။ ဆက်လက်ပြီး အလှူ မှတ်တမ်းများကို တင်ပြ သွားဦးမည် ဖြစ်ပါသည်။

Wednesday, June 4, 2008

Received Donation till to 3 June 2008

Read this doc on Scribd: Update list of donation

အလှူရှင်အပေါင်း နှင့်တကွ စာရှုသူ များ အားလုံး သာဓု အနု မောဒနာခေါ်ဆိုကြ ပါကုန်၊

စေတနာရှင် အလှူရှင်များ ခင်ဗျား

ထိုင်းမြန်မာ လေဘေးကူညီရေး ကော်မတီ ဧ။် ပထမ အကြိမ် လှူဒါန်းမှု အစီအစဉ် တို့ကို စတင် ခဲ့ပြီ ဖြစ်ပါသည်၊ စေတနာ ရှင်များ ဧ။် အလှူ ပစ္စည်း များအား မြန်မာပြည် တွင်းရှိ လေးစား အားထား နိုင်သော အစု အဖွဲ့ များမှ တဆင့် ဖြတ်သန်း စီးဆင်း မည်ဟု ကော်မတီ ဖွဲ့စည်းစဉ် ကတည်းက အစီရင်ခံ တင်ပြ ထားသည့် အတိုင်း မြန်မာ ပြည်တွင်းမှ တိပိဋက ဓရ ဆရာတော် ဘုရားကြီး ဦးဝံသပါလမှ ကြီးမှူး ဦးဆောင် ဖြန့်ဝေ ပေးလှူမည် ဖြစ်ပါသည်၊ လှူဒါန်းမှု တွင်း ပါဝင် ပစ္စည်း စုစုပေါင်းမှာ အောက်ပါ အတိုင်း ဖြစ်ပါသည်၊

“နာဂစ်မုန်တိုင်းကယ်ဆယ်ရေး” ပစ္စည်းပို့စာရင်း (အနိမ့်ဆုံး ခန့်မှန်းတန်ဖိုးများ)

ရက်စွဲ ၊ ၊ ၂၁။ ၅။၂၀၀၈
ကားနံပါတ်၊ ၊ ၈၂-၂၈၉၆ (ပထမအကြိမ်)

(၁) အစားအသောက်ပစ္စည်းမျိုးစုံ (၂၅) ပုံး (၁၀၀၀ x ၂၅ = ၂၅၀၀၀ ဘတ်)

(၂) အ၀တ်အထည် (စကူ့ပုံး။ အိတ်မျိုးစုံ) (၁၉၁) ပုံး (၇၅ x ၁၂၀ ဂ ၁၉၁ = ၁၇၁၉၀၀၀ ဘတ်)

(၃) ဖျော်ရည်ဗူးမျိုးစုံ (၉) ပုံး ( ၅၀၀ x ၉ = ၄၅၀၀ ဘတ်)

(၄) ဆန်အိတ် (၂၅ ကီလိုဂရမ် အိတ်) (၈၀) အိတ် (၉၀၀ x ၈၀ = ၇၂၀၀၀ ဘတ်)

(၅) ဖန်ခွက်မျိုးစုံ (၃) ပုံး ( ၅၀၀ x ၃ = ၁၅၀၀ ဘတ်)

(၆) ဖျာစည်း (၂) စည်း ( ၂၀၀၀ x ၂ = ၄၀၀၀ ဘတ်)

(၇) စောင်မျိုးစုံ (၂) အိတ် ( ၁၀၀ x ၃၀ x ၂ = ၆၀၀၀ ဘတ်)

(၈) ရေသန့်ဘူးမျိုးစုံ (၄၀)အိတ် (၁၆၀ x ၄၀ = ၆၄၀၀ ဘတ်)

စုစုပေါင်း (၃၅၂) အိတ် (ကာလတန်ဖိုး ဘတ် ၁ သန်း ၈ သိန်း ကျော်ဖိုးဖြစ်ပါသည်)

အထက်ပါကာလတန်ဖိုးများသည် အနိမ့်ဆုံးထား တွက်ချက် ထားသော ခန့်မှန်းခြေ တန်ဖိုးများ သာဖြစ်ပါသည်၊ အမှန် တကယ် တန်ဖိုး များသည် ခန့်မှန်း ခြေထက် နှစ်ဆ မက ပိုနိုင် ပါသည်၊

“နာဂစ်မုန်တိုင်းကယ်ဆယ်ရေး” ပစ္စည်းပို့စာရင်း
ရက်စွဲ ၊ ၊ ၂၂။ ၅။၂၀၀၈
ကားနံပါတ်၊ ၊ ၈၁-၁၆၉၀ (ဒုတိယအကြိမ်)

(၁) MAMA (ခေါက်ဆွဲခြောက်) (၆၅) ပုံး ( ၇၅၀ x ၆၅ = ၄၈၇၅၀ ဘတ်)

(၂) ဆေးဝါး (၈) ပုံး ( ၄၀၀၀ x ၈ = ၃၂၀၀၀ ဘတ်)

(၃) အ၀တ်အထည် (စက္ကူပုံး) (၁၇၈) ပုံး (၇၅ x ၁၂၀ x ၁၇၈ = ၁၆၀၂၀၀၀ ဘတ်)

(၄) အ၀တ်အထည် (အိတ်ကျား) (၁၂) အိတ် (၇၅ x ၂၅၀ x ၁၂ = ၂၂၅၀၀၀ ဘတ်)

(၅) အ၀တ်အထည် (မြွေရေခွံအိတ်) (၃) အိတ် (၇၅ x ၂၀၀ x ၃ = ၄၅၀၀၀ ဘတ်)

(၆) ဆပ်ပြာ။ သွားတိုက်ဆေး ။ အသုံးအဆောင် (၁၁) ပုံး (၁၀၀၀ x ၁၁ = ၁၁၀၀၀ ဘတ်)

စုစုပေါင်း (၂၇၇) အိတ် (ကာလတန်ဖိုး ဘတ် ၁သန်း။ ၉သိန်း။ ၆သောင်း။ ၃ထောင်။ ၇ရာ။ ၅၀ ဘတ်ကျော်ဖိုးဖြစ်ပါသည်)
အထက်ပါကာလတန်ဖိုးများသည် အနိမ့်ဆုံး ထား တွက်ချက် ထားသော ခန့်မှန်းခြေ တန်ဖိုးများ သာဖြစ် ပါသည်၊ အမှန် တကယ် တန်ဖိုးများသည် ခန့်မှန်း ခြေထက် ပိုနိုင် ပါသည်၊

ထို့အပြင် အဆိုပါ အလှူပစ္စည်းများကို ဘန်ကောက်မှ မဲဆောက်ထိ ကားတစ်စီးစာ ဘတ် တစ်သောင်း နှစ်ထောင် (ပထမ အကြိမ်တွင် ကား အလှူရှင် ရရှိသောကြောင့် ကုန်ကျ စရိတ် မရှိ)၊ မဲဆောက်မှ မြ၀တီထိ သယ်ယူစရိတ် စုစုပေါင်း တစ်သောင်း ရှစ်ထောင့် ငါးရာဘတ်၊ မြ၀တ်ီမှ ရန်ကုန်ထိ သယ်ယူရာ (ထိုင်းကား ၂စီးစာကို မြန်မာ ကုန်ကား တစ်စီး ထဲတွင် ဆံ့အောင် တင်သောကြောင့်) ကားခ ဘတ် လေးသောင်းခွဲ၊ ရန်ကုန်မှ လေဘေးသင့် ဒေသ များသို့ လွယ်ကူ လျှင်မြန်စွာ ပို့ဆောင် စီးဆင်း လှူဒါန်း နိုင်စေရန် လိုအပ်သော ကားနှင့် လောင်စာဆီ တို့ အတွက် ကျပ်ငွေ ၁၂သိန်း ၅သောင်း တိတိ တို့ ကုန်ကျပြီး ဖြစ်ပါကြောင်း...


အလှူရှင်အပေါင်း နှင့်တကွ စာရှုသူ များ အားလုံး သာဓု အနု မောဒနာခေါ်ဆိုကြ ပါကုန်၊

တတိယအကြိမ် ပို့ဆောင် လှူဒါန်းမှု အထမြောက် စေရန် ယာဉ်နှင့် လောင်စာဆီ အပါအ၀င် လိုအပ်သည် များကို လှူဒါန်း လိုပါက အချိန်မရွေး ဆက်သွယ် နိုင်ပါကြောင်း အကြောင်း ကြားအပ် ပါသည်။

ထိုင်းမြန်မာလေဘေးကူညီရေးကော်မတီ(ယာယီ)
ထိုင်းနိုင်ငံ

Respected Donors

The first part of the donation process undertaken by the Thai Burmese Committee for Assistance to Cyclone Disaster Victims has successfully been implemented on the date of May 21st and 22nd, 2008. As we have already reported, Venerable Vamsapala (Tipitakadara) is going to distribute the donations to the victims inside Burma. All of the materials that constitute the first donation are listed and their values are as follows:

Donated materials and values

Date: : 21st May, 2008.
Car No. 82-2896 (1st time)

(1) Several kinds of food (25) packages (1000 THB * 25 = 25,000 THB)
(2) Clothes (191) packages (75 THB * 120 * 191 = 1,719,000 THB)
(3) Juice (9) packages (500 THB * 9 = 4,500 THB)
(4) Rice (25 Kilograms) (80) packages (900 THB * 80 = 72,000 THB)
(5) Glasses (3) packages (500 THB * 3 = 1,500 THB)
(6) Mats (2) package (2000 THB * 2 = 4,000 THB)
(7) Blankets (2) packages (100 THB * 30 * 2 = 6,000 THB)
(8) Drinking water (40) packages (160 * 40 = 6,400 THB)

(Total value is over 1,838,400 Baht in Thai currency)

The above prices are merely estimates at the lowest values. The actual price might be more than estimated values.

Donated materials and values

Date : : 22nd May, 2008.
Car No. 81-1690 (2nd time)

(1) Several kinds of food (65) packages (750 THB * 65 = 48,750 THB)
(2) Medicine (8) packages (4000 THB * 8 = 32,000 THB)
(3) Clothes (paper boxes) (178) packages (75 THB * 120 * 178 = 1,602,000 THB)
(4) Clothes (plastic bags) (12) packages (75 THB * 250 * 12 = 225,000 THB)
(5) Clothes (White bags) (3) packages (75 THB * 200 * 3 = 45,000 THB)
(6) Toiletries, e.g. soap, toothpaste, (11) packages (1000 THB * 11 = 11,000 THB)

(Total value is over 1,963,700 Baht in Thai currency)

The above prices are merely estimates at the lowest values. The actual price might be more than estimated values.

Let the donors be given merit for their donations!

Thai Burmese Committee for Assistance to Cyclone Disaster Victims
(Temporary committee)

รายงานการบริจาคสิ่งของถึงมือผู้ประสบภัยนาร์กีสแล้ว

เรียนผู้มีจิตศรัทธาทุกท่านทราบ

วันที่ 2 มิถุนายน 2551 สิ่งของบริจาคได้เดินทางไปถึงเมืองย่างกุ้ง และวันที่ 3 มิถุนายน 2551 เวลา 6.00 น. สิ่งของได้ส่งไปถึงมณฑลอิระวดีในพื้นที่ประสบภัยนาร์กีส และได้ดำเนินการแจกจ่ายสิ่งของให้กับผู้ที่ประสบภัยในบริเวณดังกล่าวแล้ว โดยประสานกับท่านวูมต๊ะป๋าละ(ติ๊ปิ๊ตั๊กก๊ะตะระ) โดยวัตถุประสงค์ของคณะกรรมการเฉพาะกิจไทย-พม่าเพื่อช่วยเหลือเหยื่อที่ได้รับผลกระทบจากพายุไซโคลนนาร์กีส คือการเป็นสื่อกลางในการรับบริจาคสิ่งของต่างๆ จากผู้มีจิตศรัทธาสู่ประชาชนผู้ประสบภัยนาร์กีส (จากรากหญ้าสู่รากหญ้า) โดยไม่ผ่านรัฐบาลทหารพม่า เนื่องจากไม่มั่นใจในระบบการจัดการอันไม่โปร่งใส และจากการขนส่งสิ่งของบริจาคโดยรถบรรทุก 10 ล้อ เพื่อเดินทางไปสู่พื้นที่ประสบภัยนาร์กีสนั้น ตลอดการเดินทางต้องใช้ค่าใช้จ่ายสูงมาก ทางคณะกรรมการฯจึงมีความเห็นว่าจะของดการรับบริจาคสิ่งของ และเปิดรับบริจาคเฉพาะเงินโดยโอนผ่านทางบัญชีธนาคารเท่านั้น เพื่อนำไปจัดซื้อเครื่องมือที่จำเป็นสำหรับการดำรงชีวิต เช่นน้ำมันเชื้อเพลิงสำหรับเครื่องสูบน้ำเค็มออกจากบ่อหรือที่กักเก็บ และใช้สำหรับซื้อภาชนะสำหรับกักเก็บน้ำสำหรับผู้ประสบภัย ซึ่งกำลังเป็นที่ต้องการอย่างมากต่อไป

ขอให้ผู้บริจาคได้รับอานิสงส์ผลบุญจากการบริจาคครั้งนี้ด้วยเทอญ

คณะกรรมการเฉพาะกิจไทย-พม่าเพื่อช่วยเหลือเหยื่อที่ได้รับผลกระทบจากพายุไซโคลน

Tuesday, June 3, 2008

รายงานสิ่งของที่ได้รับบริจาค

เรียนผู้บริจาคที่เคารพ
ในช่วงแรกของการดำเนินการต่อสิ่งของที่ได้รับบริจาคภายใต้การรับผิดชอบของ คณะกรรมการเฉพาะกิจไทย-พม่าเพื่อช่วยเหลือเหยื่อที่ได้รับผลกระทบจากพายุไซโคลน วันที่ 21 และ 22 พฤษภาคม 2551 ที่ทางคณะฯได้รายงานไปแล้วนั้น ท่านวูมต๊ะป๋าละ(ติ๊ปิ๊ตั๊กก๊ะตะระ) ได้เดินทางไปแจกจ่ายสิ่งของบริจาคให้กับผู้ประสบภัยในประเทศพม่า สิ่งของทั้งหมดรวมถึงมูลค่าดังปรากฎในรายการดังต่อไปนี้

สิ่งของที่บริจาคและมูลค่า
วันที่ 21 พ.ค. 2551
รอบที่ 1 หมายเลขทะเบียนรถ 82-2896

1.อาหารหลายชนิด 25 ห่อ (1,000บาท*25=25,000บาท)
2.เสื้อผ้า 191 ห่อ (75บาท*120*191=1,719,000บาท)
3.น้ำผลไม้ 9 ห่อ (500บาท*9=4,500บาท)
4.ข้าวสาร (25 กิโลกรัม) 80 ห่อ (900บาท*80=72,000บาท)
5.แก้ว 3 ห่อ (500บาท*3=1,500บาท)
6.เสื่อ 2 ห่อ (2,000บาท*2=4,000บาท)
7.ผ้าห่ม 2 ห่อ (100บาท*30*2=6,000บาท)
8.น้ำดื่ม 40 ห่อ (160*40=6,400บาท)
รวมมูลค่ากว่า 1,838,400 บาท
มูลค่าสิ่งของข้างต้นประมาณค่าราคาต่ำสุดเพียงเท่านั้น ราคาจริงอาจจะมากกว่าที่ประมาณไว้

สิ่งของที่บริจาคและมูลค่า
วันที่ 22 พ.ค. 2551
รอบที่ 2 หมายเลขทะเบียนรถ 81-1690

1.อาหารหลายชนิด 65 ห่อ (750บาท*65=48,750บาท)
2.ยารักษาโรค 8 ห่อ (4,000บาท*8=32,000บาท)
3.เสื้อผ้า(บรรจุกล่องกระดาษ) 178 ห่อ (75บาท*120*178=1,602,000บาท)
4.เสื้อผ้า(บรรจุถุงพลาสติก) 12 ห่อ (75บาท*250*12=225,000บาท)
5.เสื้อผ้า(บรรจุถุงสีขาว) 3 ห่อ (75บาท*200*3=45,000บาท)
6.เครื่องอาบน้ำต่างๆ เช่น 11 ห่อ (1,000บาท*11=11,000บาท)
สบู่, ยาสีฟัน
รวมมูลค่ากว่า 1,963,700 บาท
มูลค่าสิ่งของข้างต้นประมาณค่าราคาต่ำสุดเพียงเท่านั้น ราคาจริงอาจจะมากกว่าที่ประมาณไว้

ขอให้ผู้บริจาคได้รับอานิสงส์ผลบุญจากการบริจาคครั้งนี้ด้วยเทอญ

คณะกรรมการเฉพาะกิจไทย-พม่าเพื่อช่วยเหลือเหยื่อที่ได้รับผลกระทบจากพายุไซโคลน

Monday, June 2, 2008

မြန်မာ နိုင်ငံ အတွင်း ပထမ အကြိမ် လှူဒါန်းမှု

မြန်မာနိုင်ငံ လေမုန်တိုင်းသင့် ဒေသအတွင်းသို့ အလှူပစ္စည်းများ ပို့ဆောင်လှူဒါန်းရာတွင် Pilot Operation အောင်မြင်စွာ ပြီးစီး ပြီးနောက် ပထမအကြိမ် ပို့ဆောင်လှူဒါန်းမှုအဖြစ် First Operation စတင်ရန် အလှူ ပစ္စည်းများ သိုလှောင်ရာ ခန်းမအတွင်းမှ အလှူပစ္စည်းများကို ချစ်သော မြန်မာပြည် (Dear Burma) ကျောင်းမှ ကျောင်းသူ ကျောင်းသားများနှင့် မဟာချိုင်မြို့မှ စေတနာရှင် မြန်မာ အလုပ်သမား များက ကုန်ကားများပေါ်သို့ စနစ်တကျ ၀ိုင်းဝန်း တင်ဆောင် နေကြစဉ်



ဒုက္ခသည်များကိုကူညီနိုင်ရန်အတွက် ပစ္စည်းအား ငွေအားများဖြင့် ထောက်ပံ့လှူဒါန်းကြသော အလှူရှင် များအား ၎င်း ၊ အဖက်ဖက်မှ လုပ်အားဒါန အဖြစ် ၀ိုင်းဝန်း ကူညီ ကြသော ချစ်သော မြန်မာပြည် (Dear Burma) ကျောင်းမှ ကျောင်းသူ ကျောင်းသားများ နှင့် စေတနာရှင် များအား၎င်း ၊ ပစ္စည်း သိုလှောင်ရန် အတွက် နေရာခန်းမ အသုံးပြုခွင့် ပေးသော Student Christian Center မှတာဝန် ရှိသူများ အား၎င်း ၊ ကားအလှူရှင် များအား၎င်း အထူး ကျေးဇူးတင် ရှိပါကြောင်း …....

ထိုအပြင် မြန်မာနိုင်ငံ အတွင်းသို့ ပို့ဆောင်ရာ လမ်းတလျှောက်တွင် အဆင်ပြေ ချောမွှေ့အောင် ကူညီ ပေးကြသော သူများနှင့် ထိုင်းမြန်မာ နယ်စပ်ရှိ မဲဆောက်မြို့ အရောက်တွင် ထိုင်းကုန်ကား သုံးစီး ပေါ်မှ ပစ္စည်း များကို မြန်မာ ကုန်ကားများ ပေါ်သို့ ပြောင်းရွှေ့ တင်ဆောင် ရာတွင် ကူညီ ခဲ့ကြသော တောရ ကျောင်းမှ ဆရာတော် သံဃာတော် များနှင့် တပည့် ဒကာ ဒကာမ အပေါင်း ကိုလည်း အထူး ကျေးဇူးတင်ရှိပါကြောင်း ……. ညစာ မသုံး ဆောင် ရသော သံဃာ တော်များ ဖြစ်လျက် ကုန်စည် များကို ပင်ပင် ပန်းပန်း ကူညီ သယ်ပို့ ခဲ့သော အရှင် သူမြတ် များကို အထူး ဦးခိုက် ကြည်ညို လေးမြတ်စွာ ဦးတင် လိုက်ပါသည် ဘုရား။



အလှူပစ္စည်းများ ရန်ကုန်မြို့ တိပိဋက ဓရ ကျောင်းတိုက်သို့ ဆိုက်ရောက်လာစဉ်



လှူဒါန်းပြီးစီးမှု အစုစုကို သာဓု အနု မောဒနာ ခေါ်ဆိုနိုင်ရန် တင်ပြခြင်း

ထိုင်းမြန်မာ လေမုန်တိုင်းဘေး ကူညီရေး ကော်မတီမှ မြန်မာ နိုင်ငံ အတွင်းသို့ အလှူငွေနဲ့ ပစည်း လွှဲပြောင်းပေးအပ်မှု အစုစု တို့ကို မေလ ၁၄ ရက်နေ့ တည်းက Pilot Operation အဖြစ် စတင်ခဲ့ရာ လှူဒါန်း ပြီးစီးမှု အစုစုကို အောက်ပါအတိုင်း စာရင်းပြုစု မှတ်တမ်းတင် အပ်ပါသည်။ အလှူရှင် များသာမက အားလုံး သာဓု အနုမောဒနာ ခေါ်ဆိုနိုင်ကြပါသည်။

• ရန်ကုန် တိပိဋက ဓရကျောင်းတိုက် ကားအသုံးပြုရန် စက်သုံးဆီ ၀ယ်ရန် ဘတ်ငွေ ၂သောင်း တိတိ
• မုန်တိုင်းဒဏ်ခံ ဒေသများမှ သံဃာတော်များအတွက် သင်္ဃန်း အစုံ (၅၀)၊ မုန်တိုင်းဒဏ်ခံ ဒေသ ဖြစ်သော ဧရာဝတီတိုင်း ဘိုကလေးမြို့နယ် ထော်ပိုင်ရွာနှင့် ပတ်ဝန်းကျင်ရွာများမှ သောက်ရေကန် များကို ပြန်လည် ဆယ်ဖို့ ပြုပြင်ရန်၊ ရေစုပ်စက်နှင့် မီးစက်တွဲလျက် ကျပ်ငွေ (ငါးသိန်း) + စက်သုံးဆီ၊ မရမ်းကုန်းမြို့နယ် ဇွဲစုံရှိ ၀ါးကျောင်းဆရာတော် ဦး ဂဏိသရဧ။် ကျောင်း အမိုး ပြုပြင်ရန် ကျပ်ငွေ တစ်သိန်းတိတိ တို့ အားလုံး အတွက် စုစုပေါင်း ဘတ်ငွေ ၃သောင်း



ရေဗန် သွေးလှူရှင် အသင်းမှ ဦးစီး လုပ်ကိုင်နေသော ၀မ်းရောဂါ ကာကွယ်ရန် ယင်လုံ အိမ်သာ ဆောက်လုပ်ရေး ပရောဂျက်သို့ ကျပ်ငွေ သုံးသိန်းတိတိ
• အလှူရှင်များ လှူဒါန်းသော အစားအစာ၊ အ၀တ်၊ ဆေးဝါး၊ လူသုံးကုန် များကို မြန်မာနိုင်ငံသို့ ပေးပို့ လှူဒါန်းပြီးပါကြောင်း မှတ်တမ်းတင်အပ်ပါသည်။



မည်သည့်နေရာများတွင် မည်မျှ လောက် ပျက်စီးပြီး မည်မျှလောက် လှူဒါန်းမှ အပိုအလို မရှိ လုံလောက် အဆင် ပြေမည်ကို သိရှိ စေရန် ထိုင်းမြန်မာ လေမုန်တိုင်းဘေး ကယ်ဆယ် ကူညီ ရေး ကော်မတီမှ အစမ်း သွားရောက် လေ့လာမှု ပြုရင်း လိုအပ်သည် များကို အကြို လှူဒါန်းမှု ပြုရာတွင် ငွေကြေး၊ အစား အသောက်နှင့် ဆေးဝါးများ၊ အမျိုးသမီး အသုံး အဆောင် ပစည်း များ ကိုသာ ပဏာမ အဖြစ် လှူဒါန်း နိုင်ခဲ့ရာ မုန်တိုင်း အပြီး တတိယ ရက်သတ္တပတ် မှာတွင် ပင် ပထမ ဦးဆုံး ရောက်ရှိ လာသော ကူညီရေး အဖွဲ့ကို ၀မ်းသာ မျက်ရည် များဖြင့် ကြိုဆို ကြသော ရွာသူရွာသား များကို ပုံပါ အခြေအနေ အတိုင်း တွေ့မြင် ရစဉ်။ မုန်တိုင်းကြောင့် ရစရာ၊ ကောက်ယူ စရာ မကျန် လောက်အောင် ပျက်စီး ရုံသာမက ဆားငန်ရေ ၀င်ကုန်သော လယ်များကို ပြန်လည် ပြုပြင် စိုက်ပျိုး နိုင်ခြင်း မရှိတော့ သောကြောင့် ဒုကကို ရင်စည်း ခံနေရ ရှာသော ရွာသူ ရွာသား များဧ။် ဘ၀ ပြန်လည် ထူထောင်ရေး အတွက် အလှူများ ဆက်လက် ပြုလုပ် လှူဒါန်း နိုင်ကြ ပါသည်။

Pilot Donation Program Report

Having reported that we would start our donation processing on the date of May 14th, the Thai Burmese Committee for Assistance to Cyclone Disaster Victims has since successfully managed to implement the program on that intended date. To provide the donors with a full account of where their donations have been utilized, all of the materials that constitute the pilot donation program are listed and their values are as follows:

(1) Use of Tipidaka monastery’s car and car fuel for relocation of materials

= 20,000 THB.

(2.1) 50 pairs of Robes for the monks who have been affected by cyclone in the disaster area.

(2.2) Fuel, water pumps and electric engines to repair sanitation lakes from Htaw Pai village and other villages from the disaster affected Bokalay township area, in the Irrawaddy delta area. (500,000 Kyats)

(2.3) Repair of the Zwezone monastery roof of Venerable Ganissara from Mayangone township, Rangoon. (100,000 Kyats)

= A total of 30,000 THB was donated.

(3) Construction of toilets: project organized by Raven blood donors club

= 300,000 Kyats, equivalent to 8,610 THB.

(4) Food, clothes and medicine were also donated.

Our pilot operation has been implemented to clearly record where, how much / how many donations will be needed for the affected areas. The above donations, although limited, were distributed and were part of the first delivery of aid from any organization to that area. Evidence to prove this can be seen in these pictures and our team even witnessed the cyclone victims shedding tears of relief after the arrival of aid after three weeks of disaster. Thus, to support the victims who have lost their loved ones and livelihoods and even help them to start rebuilding their lives after so much devastation, we encourage and hope that all donors can continue providing donations for those victims as much as they want or are able to do so.

Let the donors be given merit for their donation!

Thai Burmese Committee for Assistance to Cyclone Disaster Victims
(Temporary committee)

รายงานการจัดสรรเงินบริจาค

เรียนผู้มีจิตศรัทธาทุกท่านทราบ

รายงานการจัดสรรสิ่งที่ได้รับบริจาคที่คณะกรรมการเฉพาะกิจไทย-พม่าเพื่อช่วยเหลือเหยื่อที่ได้รับผลกระทบจากพายุไซโคลน เริ่มมาตั้งแต่วันที่ 14 พฤษภาคม 2551 โดยความตั้งใจเพื่อให้ผู้บริจาคได้รับทราบว่าสิ่งที่ได้บริจาคนั้นได้ถูกส่งไปยังที่ซึ่งได้ใช้เป็นประโยชน์ โดยมูลค่าของสิ่งของที่ใช้ในการฟื้นฟูและจัดหาอุปกรณ์ดังปรากฏในรายการดังต่อไปนี้

1. ใช้สำหรับพาหนะและเชื้อเพลิงเพื่อเดินทางสู่วัดติปิตะกะในการขนส่งสิ่งของบริจาค
มูลค่า 20,000 บาท
2. จัดซื้อจีวรสำหรับพระสงฆ์ที่ได้รับผลกระทบจากพายุไซโคลนนาร์กีสในพื้นที่ประสบภัย 50 ชุด
- ค่าน้ำมันเชื้อเพลิงสำหรับเครื่องสูบน้ำและเครื่องยนต์ไฟฟ้า สำหรับการซ่อมแซมระบบสุขาภิบาลในทะเลสาบ จากหมู่บ้านทอไปและหมู่บ้านอื่นๆจากพื้นที่ที่ได้รับผลกระทบจากภัยพิบัติในเมืองโบกาเล ในสันดอนสามเหลี่ยมของแม่น้ำอิระวดี มูลค่า 500,000 จ๊าต
- ใช้ซ่อมแซมหลังคาวัดสวยส่งของท่านกะนิดตะหระจากเมืองมะยางกุง ย่างกุ้ง มูลค่า 100,000 จ๊าต
รวมเป็นเงินบริจาคไปทั้งสิ้น 30,000 บาท
3. ใช้ในการก่อสร้างห้องสุขา โดยการจัดการโครงการของเรวันบลัดโดเนอคลับ (Raven blood donors club) มูลค่า 300,000 จ๊าต หรือเท่ากับ 8,610 บาท
4. อาหาร, เสื้อผ้า และยารักษาโรค ได้บริจาคเรียบร้อยแล้ว

ข้อมูลดังกล่าวได้บันทึกไว้อย่างชัดเจนว่าได้ใช้เงินบริจาคเพื่อที่ไหน เท่าไหร่ และอย่างไร ถึงแม้ว่าจะมีข้อจำกัดในการแบ่งสันและการขนส่งในครั้งแรกเนื่องจากมีหลายองค์กรในพื้นที่ หลักฐานในการพิสูจน์สามารถดูได้จากภาพและทีมงานของเราได้พบเห็นคือ เหยื่อไซโคลนได้ปลดปล่อยน้ำตาออกมาหลังจากได้รับความช่วยเหลือบรรเทาทุกข์หลังจากภัยพิบัติแล้ว 3 สัปดาห์ ดังนั้นการสนับสนุนเหยื่อที่ต้องสูญเสียบุคคลอันเป็นที่รักของเขาและการดำรงชีวิต และการช่วยเหลือพวกเขาในการเริ่มต้นการสร้างชีวิตอีกครั้งหนึ่งหลังจากการถูกทำลายล้างอย่างมากจึงมีความจำเป็น พวกเราขอให้กำลังใจและหวังว่าผู้บริจาคทุกท่านจะสามารถให้การบริจาคต่อไปสำหรับเหยื่อผู้ประสบภัยเท่าที่พวกเขาต้องการหรือเท่าที่สามารถจะทำได้


ขอให้ผู้บริจาคได้รับอานิสงส์ผลบุญจากการบริจาคครั้งนี้ด้วยเทอญ

คณะกรรมการเฉพาะกิจไทย-พม่าเพื่อช่วยเหลือเหยื่อที่ได้รับผลกระทบจากพายุไซโคลน

Donation on 1 June 2008

Donation list till 1 June 2008

Read this doc on Scribd: Update list of donation