Thursday, December 10, 2009

မြန်မာနိုင်ငံကို ကူညီကယ်တင်ပါ

မြန်မာနိုင်ငံဟာ ရာသီဥတု ဘေးဒဏ်ကြောင့် ထိခိုက် ခံရဆုံး နိုင်ငံတွေထဲမှာ ကမာ့ ဒုတိယ အဆိုးရွားဆုံး ထိခိုက်ခံရတဲ့ နိုင်ငံ ဖြစ်တယ်လို့ ကမာ့ ရာသီဥတု ဘေးအနရာယ် ၂၀၁၀ ဆိုတဲ့ အစီရင်ခံစာ တရပ်ကို ဒီဇင်ဘာ ၈ရက်နေ့ ကပဲ ထုတ်ပြန် လိုက်ပါတယ်။ ဒီအစီရင်ခံစာကို ရာသီဥတု နဲ့ဖွံ့ဖြိုးမှု အဖွဲ့ကြီး Germanwatch က ကမာ့ အကြီးဆုံး အာမခံကုမဏီကြီး Munich Re ရဲ့သတင်းအချက်အလက် အဖွဲ့ နဲ့ ပူးပေါင်း ထုတ်ပြန်တာပါ။

၁၈နှစ်တာ ကာလအတွင်း ကမာ တ၀ှမ်း ရာသီဥတုကြောင့် ထိခိုက်သေဆုံးသူ စုစုပေါင်းရဲ့ လေးပုံတပုံဟာ မြန်မာ နိုင်ငံက ဖြစ်ပြီး လူသေဆုံးမှု အများဆုံး နိုင်ငံအဖြစ် စံချိန်တင်ခဲ့ပါတယ်။


အစီရင်ခံစာ ထဲက စာရင်းဇယားတွေ သတင်း အချက်အလက်တွေ အရ ရာသီဥတုဘေးဒဏ် ခံရ အနည်းဆုံး မြန်မာ နိုင်ငံက ထိခိုက်မှုအများဆုံး ခံရတဲ့ နိုင်ငံ ဖြစ်ခဲ့တယ် ဘာကြောင့်လဲ။

ရာသီဥတုနဲ့ သဘာဝဘေးဒဏ် ကြိုတင်ကာကွယ်ရေး မူဝါဒ ချမှတ် ဆောင်ရွက်မှု နိမ့်ပါးတာကြောင့် ခုလို ဖြစ်ရတာလို့ ပညာရှင်တွေကတော့ မှတ်ချက်ပေးထားပါတယ်။

ကိုယ်ဘယ်လို ပတ်ဝန်းကျင်မှာ နေထိုင်ချင်သလဲ။ ကိုယ့်ရင်သွေးငယ်တွေကို ဘယ်လို ပတ်ဝန်းကျင်မှာ စိတ်ချလက်ချ ထားချင် သလဲ။ အဲလို နေထိုင်နိုင်ဖို့ ထားရစ်နိုင်ဖို့ ဘာတွေ လုပ်ဖို့ လိုမလဲ။



cri2010

Wednesday, December 9, 2009

ကျောင်းဆောက်လုပ်ရေးအလှူငွေ

ကင်းဝန်ဘုန်းတော်ကြီးသင် မူလတန်းပညာရေးကျောင်း ပညာရေးထောက်ပံ့မှုအလှူရှင်စာရင်း

Kingwon School Donation _school Construction

Wednesday, November 25, 2009

ကင်းဝန်ဘုန်းတော်ကြီးမူလတန်းပညာသင်ကျောင်းပညာရေးထောက်ပံ့မူအလှူရှင်စာရင်း

Kingwon School Donation _income

ကင်းဝန်ဘုန်းတော်ကြီးမူလတန်းပညာသင်ကျောင်းဆောက်လုပ်ရေးလှူဒါန်းမှု

ထိုင်းမြန်မာလေဘေးကူညီရေးကော်မတီ၏

ကင်းဝန်ဘုန်းတော်ကြီးမူလတန်းပညာသင်ကျောင်းဆောက်လုပ်ရေးလှူဒါန်းမှု
စေတနာရှင်များခင်ဗျား

ကျနော်များထိုင်းမြန်မာ လေဘေးကူညီရေးကော်မတီသည် ကင်းဝန်ဘုန်းတော်ကြီး မူလတန်း ပညာသင်ကျောင်းအား အစိုးရ အသိအမှတ်ပြုကျောင်း အဖြစ်လျှောက်ထားနိုင်သော အခြေ အနေ ရရှိစေခြင်းအကျိုးဌာ ရပ်ရွာလူထု၏ တောင်းဆိုမူကြောင့် ကျောင်းဆောင် တဆောင် ဖြစ်မြောက်ရေးအတွက် အလှူရှင်တို့၏ လှူဒါန်းငွေဖြင့် ဆောက်လုပ်လှူဒါန်းခဲ့ပါသည်။ မိမိတို့မှ လှူဒါန်းရန်လျှာထားချက်အဖြစ် မြန်မာငွေ (၁၂)သိန်းတိတိကို ကျေးရွာလူထုမှ တောင်းဆို သဖြင့် ပေးပို့လှူဒါန်းပြီးဖြစ်ပါသည်။ ထိုဆောက်လုပ်မူတွင် ကျေးရွာလူထုမှလည်း ပစ္စည်းအပါ အ၀င် (၃) သိန်းခန့် ထည့်ဝင် လှူဒါန်းမည်ဖြစ်ပါသည်။ မူလကနဦးတွင် စုစုပေါင်း ကုန်ကျ နိုင်မည့် ငွေမှာ (၁၅) သိန်းခန့်ဟု ရည်ရွယ်ထားသော်လည်း ယခုအခါတွင် ကုန်ကျမည့်ငွေ စုစု ပေါင်းမှာ သိန်းပေါင်း (၂၀) ကျော်ခန့် ရှိမည်ဖြစ်ပါသည်။ ယခုအခါတွင် မိမိတို့ကော်မတီ၌ လက်ကျန်ငွေမှာ ဆက်လက်ထောက်ပံ့နိုင်သော အခြေအနေမျိုး မရှိတော့ပါ၊ သို့အတွက် ကော်မတီအနေဖြင့် အလှူငွေရရှိရေးအတွက် တသီးပုဂ္ဂလသော်လည်းကောင်း၊ အစုအဖွဲ့ အနေဖြင့်သော်လည်းကောင်း၊ စေတနာရှင်များကို ဖိတ်ခေါ်အပ်ပါသည်၊ သို့အတွက် ကျောင်းဆောက်လုပ်မူအတွက် စေတနာရှင်များအနေဖြင့် တတ်အားသမျှ ကုသိုလ်ပါဝင် လှူဒါန်းခြင်းဖြင့် သာဓုအနုမောဓနာ ခေါ်ဆိုနိုင်ရန် တင်ပြအပ်ပါသည်။

Bank Account No: : 0902287766

Account Name : : Mr. Tayzadama

Bank : : Siam Commercial Bank (SCB)

လှူဒါန်းရန် ဆက်သွယ်နိုင်သော ရဟန်းရှင်လူများမှာ

(၁) အရှင်ဇောတိက (၀၀၈၄-၆၄၆၅၆၆၃- Email zawtik@gmail.com)

(၂) အရှင်တေဇ (၀၈၉- ၆၈၄၀၁၄၀ - Email: ashinteza@gmail.com)

(၃) ကိုသက်ခိုင် (၀၈၉-၉၉၈၁၃၂၇ - Email: thet_khaing80@yahoo.com)
ထိုင်းမြန်မာလေဘေးကူညီရေးကော်မတီ

Thai.burmese.aidfund@gmail.com

www.thaiburmeseaid.blogspot.com