ထိုင်းမှ အလှူရှင်အားလုံး၏ကိုယ်စား၊ အထူးသဖြင့် လုပ်ငန်းစဉ် အစအဆုံး လူအား ငွေအား အချိန်အားတို့ဖြင့် တက်ညီလက်ညီ ပါဝင်လှူပ်ရှားခဲ့ကြသည့် Dear Burma ကျောင်းသူ ကျောင်းသား ဆရာ ဆရာမများနှင့်၊ TACDB ထိုင်းဆိုက်မှ အလှူရှင်များရဲ့ကိုယ်စား၊ ရွာမှ ဆရာတော်၊ လူကြီးသူမ၊ ရပ်မိရပ်ဖ၊ ခလေးမိဘ များနှင့် ကျောင်းသူ ကျောင်းသားများရဲ့ ကိုယ်စား၊ နိုင်ငံတကာမှ အလှူရှင်များရဲ့ကိုယ်စား၊ ရန်ကုန်ကော်မတီအတွက် ရင်မှ ညီမျှသော ကျေးဇူးတင်စကားကို ရှာမရအောင် ဖြစ်ရသည်။
သို့သော် မညီမျှသော်လည်း ရသေ့စိတ်ဖြေ စကားတစ်လုံးဖြင့်သာ ဖေါ်ပြရန်သာရှိပေတော့သည်။ ကျေးဇူး အထူးတင်ပါသည် ရန်ကုန်ကော်မတီ။ ကျေးဇူးအထူးတင်ပါသည် ရန်ကုန်အလှူရှင်။ ကျေးဇူး အထူးတင်ပါသည် ထိုင်းကော်မတီ ထိုင်းအလှူရှင်။ ကျေးဇူးအထူးတင်ပါသည်ရွာကော်မတီ။ ကျေးဇူးအထူးတင်ပါသည်
နိုင်ငံတကာ အလှူရှင်။
အကယ်ဒမီည အကယ်ဒမီရသူတစ်ယောက် ၀မ်းသာလွန်းလို့ မျက်ရည်ပေါက်ပေါက်ကျပြီး ဘယ်သူ့ကို အရင်ကျေးဇူးတင်စကားပြောရမည်မှန်းမသိ၊ ဘယ်သူ့နာမည်တွေ ကျန်ရစ်ခဲ့မှန်းမသိအဖြစ်မျိုး ကြုံမှာလည်းစိုးသည်။ လေးဘေးကူညီရေးကာလ၊ ကင်းဝန်ပညာရေးအလှူတော်ကာလ၊ ဤ (၄) နှစ်ကျော်ကာလအတွင်း အကျွနု်ပ်တို့နှင့် ကိုယ်၊စိတ်အတူယှဉ် လက်တွဲ ပါဝင်ခဲ့ကြသော စေတနာရှင်တို့သည် အမှန်ပင် များလှချေသည်။ သို့အတွက် တဦးစီ၊ တစ်ယောက်စီ ထုတ်နုတ်၍မဆိုသာ ဤကင်းဝန်းပညာရေးတွင်ပါဝင်သူအားလုံး ကျေးဇူးတင်ထိုက်သူအားလုံးကို၊ ကျေးဇူး အထူးတင်ပါကြောင်း ပြောကြားလိုပါသည်။ အမှန်ပင် အကျွနု်ပ်တို့၏ ပညာရေးအလှူတော် လုပ်ငန်း အောင်မြင်စွာအဆုံးသတ်နိုင် ခဲ့ပေပြီ။