Showing posts with label ဓာတ်ပုံ. Show all posts

Tuesday, October 20, 2009
Saturday, May 23, 2009
Saturday, May 16, 2009
Tuesday, November 25, 2008
မြန်မာ နိုင်ငံ အတွင်းသို့ တတိယ အကြိမ်မြောက် လှူဒါန်း ပေးပို့ခြင်း
မြန်မာ နိုင်ငံအတွင်း နာဂစ် လေဘေးဒဏ်ခံ ဒုက္ခသည် များကို အလှူပစ္စည်းများ ပေးပို့ လှူဒါန်းမှု အစုစုသည် ၀ါတွင်း သုံးလ ပတ်လုံး ပါမစ် မရမှုကြောင့် ကြန့်ကြာ နေခဲ့ရာမှ အောက်တိုဘာ ၆ရက်နေ့စွဲဖြင့် သွင်းကုန်ပါမစ် ရရှိသောကြောင့် ပါမစ် သက်တမ်း အချိန် တလ အတွင်း အဆိုပါ အလှူပစ္စည်းများကိုမြန်မာ နိုင်ငံအတွင်း အလျင်အမြန် တင်သွင်း ခဲ့ရပါသည်။ ပါမစ် ရရှိရန် ကြိုးပမ်း ရာတွင် ၀ါပျက်ခံ လိုက်လံ ဆောင်ရွက် ခဲ့ရသော ရဟန်း သံဃာတော်များနှင့် စရိတ် ကုန် လူပန်းခံကာ စေတနာ အလျောက် လိုက်ပါ ကူညီ ဆောင်ရွက် ခဲ့သော ကပ္ပိယ များကို ကော်မတီမှ အထူး လှိုက်လှဲစွာ ဂုဏ်ပြု အပ်ပါသည်။
မြန်မာ နိုင်ငံတွင်း ချောချော မောမော ရောက်ရှိ သွားသော အလှူပစ္စည်း များကို အလေအလွင့် မရှိစေဘဲ နာဂစ် ဒုက္ခသည်များ လက်တွင်းအရောက် ဆက်လက် ပေးပို့ လှူဒါန်း ပေးသော သံဃာတော်များ ဦးဆောင်သည့် ကရုဏာရှင် အဖွဲ့ဧ။် စေတနာ နှင့် လုပ်အား တို့ကိုလဲ သာဓု အနုမောဒနာ ခေါ်ဆို အပ်ပါသည်။
လှူဒါန်းမှု အစုစု တို့ အတွက် မှတ်တမ်း ဓာတ်ပုံ များကို အလှူရှင်များ ကြည်နူး ၀မ်းမြောက် နိုင်စေရန် ပြန်လည် ဖော်ပြနိုင်ရေး အတွက် ကြိုးပမ်း ရိုက်ကူး ပြီး ဆက်သွယ်ရေး အခက်အခဲများကြားမှ မဖြစ်ဖြစ်အောင် ပေးပို့ လာကြသော ကပ္ပိယများကိုလဲ ကျေးဇူး အထူး တင်ရှိ ပါကြောင်း မှတ်တမ်း တင်အပ် ပါသည်။

Sunday, November 2, 2008
Wednesday, July 16, 2008
Tuesday, June 17, 2008
Sunday, June 15, 2008
Wednesday, June 11, 2008
Tuesday, June 10, 2008
Photos record of Pilot Operation
First day of Pilot Operation
Second day of Pilot Operation
Third day of Pilot Operation
သည် အလှူဒါန ဖြစ်မြောက်ရေး အတွက် ၀ိုင်းဝန်း ကူညီ လှူဒါန်းပေးကြသော ထိုင်းနိုင်ငံ တွင်းမှ အလှူရှင် များနှင့် စေတနာ့ ၀န်ထမ်းများ၊ မုန်တိုင်းဒဏ်သင့် ဒေသများ ထံသို့ အခက်အခဲ အကြပ်အတည်း မျိုးစုံ၊ လမ်းပန်း ဆက်သွယ်ရေး ခက်ခဲမှု၊ မိုးနှင့် လေဒဏ် တို့ကို ကြံ့ကြံ့ခံကာ သက် စွန့်ဆံဖျား ကားတစ်တန် မော်တော် တစ်တန်ဖြင့် ကိုယ်တိုင် ကိုယ်ကျ သွားရောက် လှူဒါန်း ပေးရုံသာ မက အင်တာနက် ကော်နက်ရှင် လုံးဝ မကောင်းသည့် ကြားမှ ဓာတ်ပုံများကို မရမက ကြိုးစား ပေးပို့သော မြန်မာ နိုင်ငံတွင်းမှ စေတနာ့ ၀န်ထမ်း မုန်တိုင်းဘေး ကူညီသူ များကို ကော်မတီမှ ကျေးဇူးဥပကာရ အထူးပင် တင်ရှိ ပါကြောင်း မှတ်တမ်း တင်အပ် ပါသည်။

Monday, June 9, 2008
Sunday, June 8, 2008
Subscribe to:
Posts (Atom)