Thursday, August 27, 2009

စေတနာရှင်အပေါင်းတို့ခင်ဗျား

ကျနော်များထိုင်းမြန်မာလေဘေးကူညီရေးကော်မတီ၏ နာဂစ်ဒဏ်သင့်ကလေးသူငယ်များ ပ ညာရေးအစီအစဉ်ကို ၂၀၀၉ခုနှစ် မေလမှစတင်၍ အကောင်အထည် ဖော်ဆောင်ခဲ့ပြီ ဖြစ်ပါ သည်။
အစီအစဉ်အရ ဧရာဝတီတိုင်း ဖျာပုံမြို့ နယ်၊ အမာစုမြို့နယ်ခွဲ၊ ဒေးဒလူကျေးရွာအုပ်စု၊ ကင်းဝန်ကျေးရွာရှိ၊ ကင်း ၀န်ဘုန်းတော်ကြီး မူလတန်းပညာသင်ကျောင်းကို ပထမနှစ်စီမံကိန်းအနေဖြင့် ကလေးသူငယ် ကျောင်း သား၊ ကျောင်းသူ အရေအတွက် (၂၀၈) ဦး၏ ပညာရေးလိုအပ်ချက်များဖြစ်သော ဖတ်စာအုပ်၊ ဗလာစာအုပ်၊ ခဲတံ၊ ခဲဖျက်၊ ပေတံ၊ မိုးကာ၊ white board (ပလပ်စတစ် ကျောက်သင်ပုန်း)၊ ဆရာ၊ဆရာမလစာများ နှင့် ကျောင်း၏လိုအပ်ချက်များကို အချိန်မှီဖြည့်စွမ်း နိုင်စေခြင်းငှာ လစဉ် သီးသန့် ကျောင်းအသုံးစရိတ်တို့ကိုပါ ပံ့ပိုးပေးနေပြီ ဖြစ်ပါသည်။
ဤစာသင်ကျောင်းသည် ယခင်နှစ်များက ကျောင်းသားဦးရေ ၁၅၀ ထက်မပိုသော ကျောင်း သားကျောင်းသူများသာ လက်ခံသင်ကြားပေးနိုင်ခဲ့ပြီး ယခုအခါတွင် စေတနာရှင်တို့၏ လှူဒါန်းမှူ အစုစုကြောင့် ယခင်ကထက် ကျောင်းသားကျောင်းသူအရေအတွက် ပိုမိုလက်ခံ၍ သင်ကြားပေးနိုင်နေပြီဖြစ်ပါသည်။ လိုအပ်သောမှတ်တမ်း ဓါတ်ပုံ နှင့် ပြေစာများကိုပူးတွဲပါ ဖိုင်များတွင် လေ့လာ ဆန်းစစ်၍ သာဓုအနုမောဒနာ ခေါ်ဆိုနိုင်ကြစေရန် အစီရင်ခံတင်ပြအပ်ပါသည်။

ထိုင်းမြန်မာလေဘေးကူညီရေးကော်မတီ(ယာယီ)

No comments: