Monday, May 25, 2009

ထိုင်းမြန်မာချစ်ကြည်ရေးဖောင်ဒေးရှင်း နှင့် ထိုင်းမြန်မာလေဘေးကူညီရေးကော်မတီ (ယာယီ) နာဂစ်ဒေသကလေးသူငယ်များပညာရေးရံပုံငွေရှာဖွေပွဲအစီအစဉ်

ထိုင်းမြန်မာလေဘေးကူညီရေးကော်မတီသည် နာဂစ်ဒေသကလေးသူငယ်များပညာရေးအတွက်ရည်ရွယ်၍ ရံပုံငွေ ရှာဖွေပွဲ အစီအစဉ်တရပ်အား ကျင်းပပြုလုပ်မည်ဖြစ်ပါသည်၊ နာဂစ်တိုက်ခိုက်ခံရပြီးသည့် အချိန်မှစ၍ ၁၂၀၀၀၀ ကျော်လူ့အသက်များ သေကြေခဲ့ကြရပြီး ၊ လူပေါင်း၂သန်းကျော်သည် ယနေ့ထက်ထိတိုင် ပုံမှန်အခြေအနေသို့ ရောက်ရှိနိုင်ခြင်း မရှိသေးပါ။ ထိုသို့သော ကြောက်မက်ဖွယ်ရာ အခြေအနေဆိုးများနှင့် နေ့စဉ် ရင်ဆိုင်နေရသည့် အတွက် မိမိတို့ ကလေးသူငယ်များ ၏ ပညာရေးအတွက်ကိုလည်း ဖြေရှင်းပေးနိုင်သည့် အခြေအနေမျိုး အားနည်းနေပါသည်။
နာဂစ်ဒဏ်သင့် ဒုက္ခသည်များ၏ စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ အခြေအနေများသည် လက်တွေ့အခြေအနေတွင် ဆိုးဆိုးရွားရွား ရင်ဆိုင်နေရတုန်းပင်ဖြစ်ပါသည်။ ဤလိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်စေခြင်းအလို့ဌာ ကော်မတီသည် ဘုန်းတော်ကြီးကျောင်းများ၌ ပညာသင်ကြားနေသော ကလေးသူငယ်များ၏ ပညာရေးလိုအပ်ချက် ကိုထောက်ပံ့ပေးရန် ဆုံးဖြတ်ခဲ့ပါသည်၊ ထို့အတွက်ကြောင့် ကော်မတီသည် လုပ်ငန်းအကောင်အထည် ဖော်ဆောင်မူအား ပထမအဆင့်အနေဖြင့် (၂၀၀၉) ခုနှစ် မေလမှ စတင်ခဲ့ပြီဖြစ်ပါသည်၊
ပညာရေးထောက်ပံ့မူ အစီအစဉ်သည် ကြာလရှည် စီမံချက်ဖြစ်သည့် အားလျှော်စွာ လုံလောက်သည့် ငွေကြေး အထောက်အပံ့ ရရှိရန်အတွက် ရံပုံငွေရှာဖွေရေး နည်းလမ်းများကို ကော်မတီမှစဉ်းစားဆုံးဖြတ်ခဲ့ရခြင်းဖြစ်ပါသည်၊ ရလာဒ်အနေဖြင့် ဤအစီအစဉ်သည် နာဂစ်ဒေသကလေးသူငယ်များ ပညာရေးထောက်ပံ့မူအတွက် ရှေ့းဦး အစိအစဉ်အဖြစ် စတင် အကောင်အထည်ဖော်ခြင်းဖြစ်ပါသည်။ ဤအစီအစဉ်မှစ၍ အခြေအနေပေးလျှင်ပေးသလို ရံပုံငွေ ရှာဖွေရေး လုပ်ငန်းများကို စေတနာရှင် များမှလည်း ပူးပေါင်းဆောင်ရွက် အားဖြည့်သွားမည် ဟုမျှော်လင့် ပါကြောင်း အစီရင်ခံအပ်ပါသည်။
အစီအစဉ်
ဖျော်ဖြေပွဲ သီးလေးသီး ဆေးရောင်စုံအငြိမ့် ဖျော်ဖြေပွဲ နှင့် မွန်၊ ကရင်၊ ကချင်၊ ရှမ်းနှင့် ပအိုလ့် ရိုးရာအကများ
အချိန် ၁၀း ၃၀ နာရီမှ နေ့လည် ၄း ၀၀ နာရီအထိ (၁း ၀၀ မှ ၁း ၃၀ သည် နေ့လည်စာ သုံးဆောင်ရန် အချိန်ဖြစ်ပါသည်)
နေရာ Bangkok Christian church ခန်းမ(၆) ထပ် ၊ ခရစ်ယာန်ကျောင်းသားများဆုံရပ် (Students Christian Center) ၊ ရပ်ချထေ၀ီ (Ratchathewei BTS station) မိုးပျံရထားဘူတာရုံအနီး ၊ ဘန်ကောက်မြို့ ၊
ရက်စွဲ ဇွန်လ (၇) ရက် ၊ 2009


Thai.burmese.aidfund@gmail.com
www.thaiburmeseaid.blogspot.com

No comments: