Saturday, May 16, 2009

ထိုင်းမြန်မာလေဘေးကူညီရေးကော်မတီ၏နာဂစ်မုန်တိုင်း တနှစ်ပြည့်ရေစက်ချဆွမ်းသွတ်တရားတော်နာယူပွဲ နှင့်ဆီမီးထွန်းညှိဆုတောင်းပွဲအခမ်းအနား

စေတနာရှင်များအားလုံး သာဓုအနုမောဒနာ ခေါ်ဆိုနိုင်စေခြင်းအလို့ဌာ၊ ထိုင်းမြန်မာ လေဘေးကူညီရေး ကော်မတီသည် ၂၀၀၉ခုနှစ် မေလ (၃)ရက်နေ့၌ နာဂစ်မုန်တိုင်း တနှစ်ပြည့် ရေစက်ချ ဆွမ်းသွတ်တရားတော် နာယူပွဲ အခမ်းအနားအား ထိုင်းနိုင်ငံ ဘန်ကောက်မြို့ “ချစ်သောမြန်မာပြည်” ကျောင်းတွင် ကျင်းပပြုလုပ်ခဲ့ပါသည်။ အခမ်းအနားသို့ သံဃာတော်(၇)ပါး ကြွရောက်၍ ရေစက်ချတရားတော်များ မြွက်ကြား သွားခဲ့ပါသည်။
နေ့လည်ပိုင်းတွင် ထိုင်းမြန်မာလေဘေး ကူညီရေးကော်မတီ၏ နှစ်ပတ်လည် အစည်းအဝေးကို ကျင်းပပြီး ရှေ့လုပ်ငန်းစဉ်များကို ဆွေးနွေးတိုင်ပင်ကြပါသည်။ အစည်းအဝေးဆုံးဖြတ်ချက်အရ သံဃာတော် (၆)ပါးသည် ကော်မတီသို့ ပူးပေါင်းပါဝင်လာပြီး ရှေ့လုပ်ငန်းစဉ်များတွင် တက်ကြွစွာ ပူးပေါင်းဆောင်ရွက်သွားမည် ဖြစ်ပါသည်။
ညပိုင်းတွင်ထိုင်းနှင့် မြန်မာလူမျိုးများပါဝင်သော ဖယောင်းတိုင်ထွန်း ဆုတောင်းပွဲ တရပ်အား ”ဘန်ကောက် အနုပညာနှင့် ယဉ်ကျေးမူစင်တာ” ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။
ထိုင်းမြန်မာလေဘေးကူညီရေးကော်မတီသည် အလှူရှင်များ၏ လှူဒါန်းမူအစုစုအား ထိရောက်မူရှိရှိ လှူတန်းနိုင်စေခြင်းအကျိုးဌာ ဤနှစ်ပတ်လည်မှစ၍ လေဘေးသင့် ဒေသများရှိ ကလေးသူငယ်များ၏ ပညာရေးထောက်ပံ့မူ အစီအစဉ်များအား စတင်အကောင်အထည်ဖော်ဆောင်သွားမည် ဖြစ်ကြောင်း အလှူရှင်များအား အစီရင်ခံအပ်ပါသည်။

ထိုင်းမြန်မာလေဘေးကူညီရေးကော်မတီ
Thai Burmese Committee for Assistance to Cyclone Disaster Victims

No comments: