Wednesday, October 29, 2008
ပြန်လည် လှူဒါန်းမှု အစုစု ဓာတ်ပုံ မှတ်တမ်း
မြန်မာပြည်တွင်း အလှူပစ္စည်းများ သွင်းခွင့် ပါမစ် ရရှိအောင် ၀ါတွင်းသုံးလ ပတ်လုံး မြ၀တီ၊ ရန်ကုန်၊ နေပြည်တော် အခေါက်ခေါက် အခါခါ ခက်ခက်ခဲခဲ ကြိုးစား အားထုတ် လျှောက်ယူ ပေးခဲ့ ကြသော စေတနာ၊ ဂရုဏာရှင် ဇွဲသန်သူ များ အားလုံးကို ထိုင်းမြန်မာ လေမုန်တိုင်းဘေး ကူညီရေး အဖွဲ့မှ လေးစားစွာ ဂုဏ်ပြု အပ်ပါသည်။
မြ၀တီမြို့ ကုန်လှောင်ရုံတွင် ပါမစ် မရမချင်း စောင့်ဆိုင်း နေခဲ့ရသော နာဂစ် မုန်တိုင်းကယ်ဆယ်ရေး အလှူပစ္စည်းများသည် ပါမစ် ရရှိသည်နှင့် တပြိုင်နက် လိုအပ်သည်များကို ကြိုတင် ပြင်ဆင်ပြီး ၂၆ အောက်တိုဘာ ၂၀၀၈ ညနေ ၃နာရီ ၃၀ မိနစ်တွင် မြ၀တီ မြို့မှ ကုန်ကားကြီးဖြင့် စတင်ထွက်ခွာပြီး ရန်ကုန်မြို့ တိပိဋက ကျောင်းတိုက်သို့ ၂၈ အောက်တိုဘာ ၂၀၀၈ မနက် ၃နာရီ ၃၀ မိနစ်တွင် အောင်မြင်စွာ ဆိုက်ရောက် ခဲ့ပါသည်။
ထို့နောက် မြန်မာပြည်တွင်း ဆရာတော် သံဃာတော် အရှင်သူမြတ်များဧ။် ဦးဆောင်မှု အောက်မှ များရဲ့ တပည့် ဒကာ၊ ဒကာမ များရဲ့ ချက်ချင်း အချိန်မဆိုင်း လှုပ်ရှား လှူဒါန်း ပေးမှုကြောင့် ယနေ့ မှ စတင်ပြီး လှူဒါန်းမှု အစုစုကို သာဓုခေါ် ကုသိုလ်ပွားနိုင်ရန် ဆက်လက် တင်ပြ ပေးသွားမည် ဖြစ်ပါကြောင်း သတင်းကောင်း ပါးလိုက်ပါသည်။
Subscribe to:
Post Comments (Atom)
No comments:
Post a Comment